မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း၏ (၆)လပါတ်အသင်းဝင်များ
စုံညီအစည်းအဝေးကို ၂၀၀၈ ခုနှစ် ၁၀လ ၁၂ရက်နေ့တွင်CONSUMER CENTER, TAKADANOBABA၌အောင်မြင်စွာကျင်းပခဲ့ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင်သဘာပတိအဖြစ်ဥက္ကဌ OTAKI TAEKO SAN မှဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ်လက်ထောက်ရုံးအဖွဲမှူး မအေးနန္ဒာအောင် ကဆောင်ရွက်ခဲ့ပါသည်။
၁၈း၀၀ နာရီ၌အခမ်းအနားမှူးမှအခမ်းအနားအစီအစဉ်များအားဖတ်ကြားတင်ပြ၍
အစီအစဉ် (၁)အရအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာပါသည်။
အစီအစဉ် (၂) အရ သဘာပတိ ဥက္ကဌ မှအဖွင့်အမှာစကားပြောကြားရာတွင်
အသင်းအား၆လ ကြာကာလအတွင်းခိုင်မာစွာဖွဲ.စည်းတည်ထောင်နိုင်ခဲ့သဖြင်အသင်းဝင်
များနှင့်အတူဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် အသင်း၏ရည်ရွယ်ချက်နှင့်အညီ မြန်မာနိုင်ငံသား
ဒုက္ခသည်များအားကူညီထောက်ပံ့မူများပေးနိုင်ရေးအတွက်အသင်းဝင်များအားလုံးနှင့်
လက်တွဲ၍ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပါသည်။
အစီအစဉ်(၃)အရ ဒုဥက္ကဌ KUMAKIRI TAKU SAN မှ အသင်း၏၆လ တာကာလ
အတွင်းအစည်းအဝေးများ၌အမြင်မတူ၍အငြင်းပွားမူများရှိခဲ့စေကာမူနောက်ဆုံးတွင်အများ
သဘောတူအဖြေများကိုဆုံးဖြတ်နိုင်ခဲ့သည့်အတွက်ကျေနပ်ဝမ်းမြောက်မိပါကြောင်းနှင့်
ရှေ့ဆက်လက်၍အသင်း၏ရည်ရွယ်ချက်လုပ်ငန်းများအားကော်မတီဝင်များ၊ အသင်းဝင်များနှင့်
အတူလက်တွဲ၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထိုအပြင်ဥပဒေပညာရှင်၊ ရှေ့နေတဦးဖြစ်သော OKAWA SAN နှင့် B.R.S.A အသင်း၏
ဒုဥက္ကဌ တို့တွေ.ဆုံဆွေးနွေးခဲ့မှု အားပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။
အလုပ်ခွင်အတွင်းနှင့်တည်းခိုခန်း၊ ဆေးရုံ ၊ စားသောက်ဆိုင်၊ ကုန်တိုက် ၊ နေအိမ်ငှားရမ်းခြင်း
အစရှိသည်တိုတွင်နိုင်ငံခြားသားဖြစ်၍ ဖိနှိပ် ချုပ်ခြယ်ခြင်း၊ ဆေးကုသမပေးခြင်း၊ ၀င်ရောက်
စားသောက်တည်းခိုခွင့်မပေးခြင်းများကိုကြုံတွေ. ရင်ဆိုင်ရပါက၊ B.R.S.A အသင်းမှဖြစ်စေ၊
ရှေနေ OKAWA SAN သို့တိုက်ရိုက်ဖြစ်စေအသိပေးတိုင်ကြားပါက၊ ဥပဒေကြောင်းအရ
လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။
အစီစဉ် (၄) အရဒု- ဥက္ကဌ ဦးခန်းဒါအောင်လီမှ ပြောကြားရာတွင်ဥက္ကဌ၊အတွင်းရေးမှူး၊
ကော်မတီဝင်၊ အသင်းဝင်ဟူ၍အဆင့်မခွဲခြားဘဲ အသင်းဝင်များအားလုံးတပြေးညီအဖြစ်ဖြင့်
သာလျှင်အသင်း၏ရည်ရွယ်ချက်လုပ်ငန်းများအတူတကွ ပူးပေါင်းဆောင်ရွက်သွားလိုသည်
အတွက်အသင်းဝင်တိုင်းအနေဖြင့်ယခုထက်ပိုမို၍ပူးပေါင်းပါဝင်စေလိုကြောင်းပြောကြား
သွားပါသည်။
အစီအစဉ်(၅) အတွင်းရေးမှူး ဦးမိုးကျော်စိုး မှ ၆-လ အတွင်းအသင်းမှဆောင်ရွက်ခဲ့မှု
များအားရှင်းလင်းတင်ပြသွားပါသည်။ အသင်း၏ရည်ရွယ်ချက်များအားအောင်မြင်စွာအကောင်
အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက်လုပ်ငန်းကော်မတီများအားဖွဲ.စည်းထားပြီဖြစ်၍ အသင်း
ဝင်များအနေဖြင့် မိမိတိုပါဝင်လှုပ်ရှားနိုင်သော်လုပ်ငန်းအဖွဲ. များတွင်ပူးပေါင်းပါဝင်ကြစေလို
ကြောင်းဖိတ်ခေါ်ပြောကြားပါသည်။
ထိုနောက်အသင်းအားစတင်ဖွဲ.စည်းသည့် ၂၀၀၈ ခုနှစ် ၃လ ၃၀ရက်နေ့တွင်အတည်ပြုခဲ့သော
အသင်း၏ခံယူချက်နှင့်ရည်ရွယ်ချက်အားပြန်လည်၍ ဖတ်ကြားတင်ပြပါသည်၊ အသင်း၏ခံယူချက်နှင့်ရည်ရွယ်ချက်အရအသင်းသည်လူမှုရေးထောက်ပံ့ကူညီမှုများပေးနိုင်
ရန်ဆောင်ရွက်မည့်အသင်းတခုဖြစ်သည်အပြင်၊ မြန်မာနိုင်ငံဒီမိုကရေစီ အတွက် ဂျပန်နိုင်ငံရှိ
မြန်မာ့ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ.များနှင့်အတူတတ်စွမ်းသမျှပူပေါင်းဆောင်ရွက်
သွားမည့်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်၊
ဆက်လက်၍အသင်း၏ငွေကြေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအားရှင်းလင်းတင်ပြခဲ့ပါသည်။
အစီအစဉ် (၆) အရ ဘဏ္ဍာရေးမှူး မအိဖြူ ထွေး မှ အသင်း၏ ဘဏ္ဍာရေးဆိုင်ရာ
ငွေစာရင်းအားဖတ်ကြားတင်ပြပါသည်။
အစီအစဉ် (၇) အရ လုပ်ငန်းဆိုင်ရာအဖွဲ.များ၏လုပ်ငန်းဆောင်ရွက်ခဲ့မှုများအားစီမံရေး
ရာတာဝန်ခံ -ရုံးအဖွဲ.မှူး ဦးအောင်စိုးမိုး ၊ လူမှုရေးရာတာဝန်ခံ - ဦးထိန်လင်း၊ စည်းရုံးရေးတာဝန်ခံ - ကိုလှမျိုး၊ ရံပုံငွေရှာဖွေရေးတာဝန်ခံ- ဦးတင်မောင်ညီ နှင့် သတင်းနှင့်
ပြန်ကြားရေးတာဝန်ခံ- ဦးစိုးဝင်းရှိန် တို့မှ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကိုအသီးသီးရှင်းလင်းတင်
ပြကြပါသည်။
အစီအစဉ် (၈) အရတက်ရောက်လာကြသည့်အသင်းဝင်များ၏သိလိုသောမေးမြန်း
ချက်များကိုရှင်းလင်းပြောကြားနိုင်ရန်ဖိတ်ခေါ်ခဲ့ပါသည်။
အစီအစဉ် (၉) အရ ဥက္ကဌ မှနိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပါသည်။
ထို့နောက်အစီအစဉ် (၁၀) အရ အခမ်းအနားမှူးမှ ၆-လပါတ် အသင်းဝင်များစုံညီ
အစည်းအဝေးအောင်မြင်စွာပြီးဆုံးကြောင်းကြေညာ၍ တက်ရောက်လာကြသောအသင်းဝင်
များစုပေါင်းပြီးအမှတ်တရဓါတ်ပုံရိုက်ကူးကာ (၂၁း၀၀)နာရီတွင်အခမ်းအနားကိုအောင်မြင်စွာ
ရုတ်သိမ်းခဲ့ပါသည်။